April 22, 2014

လှိုက်လှဲဝမ်းမြောက်စွာအားပေးနေပါသည်


ကြိုးစားလိုက်ကြပါ ညီအကို မောင်နှမတို့ 


မွေးဖွားလာစဉ်ကတည်းက အသိပညာအတတ်ပညာတတ်မြောက်လာသူသည် မဟာလူသား ကျွန်တော်တို့ ရှင်တော်မြတ်ဘုရား နှင့် သာမန်ထက် ထူးကဲသော လူသားတို့တွင်သာ ရှိနိုင်ပါသည်...


ကျွန်တော်တို့သည်လည်း အမိဝမ်းမှ မွေးဖွားလာကတည်းက ကွန်ပျူတာ ကိုင်ဆောင်လာခြင်း ၊ မိုဘိုင်းဖုန်း ကိုင်ဆောင်လာခြင်း မရှိခဲ့ပါ ....


မေးမြန်းခဲ့ပါသည် လေ့လာသင်ယူခဲ့ပါသည် လေ့ကျင့်ခဲ့ပါသည် ကြိုးစားခဲ့ရပါသည် ၀ီရိယထားကာ ဇွဲလုံ့လ တို့အားစိုက်ခဲ့ရပါသည်....


လေ့ကျင့်မှု အတွေ့အကြုံ ဗဟုသုတ တို့အပေါ်မှီငြမ်းပြီးဖြစ်ပေါ်လာသော ဖြတ်ထိုးဥာဏ် အသုံးချနိုင်မှုတွေ ရရှိဖို့ ကျွန်တော်တို့တတွေ ကြိုးစားလိုက်ကြရအောင်ဗျာ....


ကျွန်တော်တို့သည် ပညာရှင်များမဟုတ်ပါ.. ပညာသင်များသာဖြစ်ပါသည်.. လေ့လာနေသော သင့်ထက် နည်းနည်းပိုသိတာရှိမည်.. များများပိုသိတာရှိမည်.. သင့်လောက်မျှ မသိသေးတာလဲရှိမည်.. အဘယ်ကြောင့် ဆိုသော ပညာသည် လေ့လာကုန်နိုင်ဖွယ်မရှိ သင်ယူကုန်နိုင်ဖွယ်မရှိပါ... ကျွန်တော်တို့တွေ မသိသေးသည် များ များစွာရှိလှပါသည်.. ထိုကဲ့သို့ များစွာရှိသည့်အထဲမှ အသုံးချနိုင်သော မသိသေးသည့်ပညာများကို လေ့ လာဆည်းပူးမိသမျှထဲမှ မိုဘိုင်းနည်းပညာနှင့်ပက်သက်သော လေ့လာအသုံးချထားသည်လေးများကို မျှဝေခြင်းဖြစ်ပါသည်...


မသိသေးသောသင့်အား လေ့လာသင်ယူကြိုးစားဖို့ ကျွန်တော်တို့ ၀မ်းမြောက်စွာအားပေးတိုက်တွန်းပါသည်

များစွာသိရှိနေသော သင့်ကိုလည်း ကျွန်တော်တို့အား လက်ကမ်းကြိုဆိုဖေးမပေးပါရန်လဲ နူးညွတ်စွာ ပန်ကြားအပ်ပါသည်..


နည်းပညာ ညီအကိုမောင်နှမများ ဆတက်တပိုးအသိပညာအတတ်ပညာများ တိုးတက်မြင့်မားကြပါစေ...

တစ်ဦး နှင့် တစ်ဦး ချစ်ကြည် ရိုင်းပင်းကူညီ လေးစားရိုသေခြင်း များနှင့်ပြည့်စုံကြပါစေ..


MMT - Mandalay Mobile Technology
Admin Team

0 comments:

Post a Comment

လာရောက်လေ့လာ လည်ပတ်ဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်
အပြု သဘောဆောင်သော မည်သည့် ဝေဖန်မှုမဆို လက်ခံပါသည်ခင်ဗျာ