April 22, 2014

Our Purpose - Regulation


`` ရည်ရွယ်ချက် ´´

ကျွန်တော်တို့ ဒီ Blog လေးကို တည်ထောင်ရခြင်းသည် မိုဘိုင်းနည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေ
သော နည်းပညာ ညီအကိုမောင်နှမများ ၊ မိုဘိုင်းနည်းပညာကို စိတ်ပါဝင်စားသော Basic Lever user အဆင့် မှ Advenced Level user အဆင့်သို့ တက်လှမ်းချင်သော ၀ါသနာရှင်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါ သည်။

တစ်ခါတစ်ခါတွင် မှတ်သားထားမှု မေ့လျော့နေခြင်း ဇဝေဇ၀ါဖြစ်ချင်းများအတွက် မည်သည့်အရာနှင့်မည်သို့ လုပ်ရမည် ... မည်သို့နှိပ်ရမည် မည်သို့လုပ်အစရှိသဖြင့် မှတ်စုသဖွယ် Download Link များဖော်ပြပေးထားပြီး
အလွယ်တကူ၇ှာဖွေဖတ်ရှုနိုင်ရန်ဖော်ပြပေးသွားမည်ဖြစ်ပါသည်...

တစ်ဆင့်ချင်းဖော်ပြချက်များပါရှိသလို လွယ်ကူသောအရာများကို ကျော်လွှားဖော်ပြထားခြင်းများလဲ ပါရှိမည်
ဖြစ်ပါသည်... Online Mobile Technology Notes လေးပေါ့ခင်ဗျာ...


`` စည်းမျဉ်းများ ´´

ကျွန်တော်တို့ MMT Blog လေးတွေ ဖော်ပြထားရှိသောအချက်များသည် ကျွန်တော်များ ကိုယ်တိုင် စမ်းသပ်
အသုံးချပြီးမှ သေချာသော ပို့စ်များကိုသာ ဖော်ပြသွားမည်ဖြစ်ပါသည်... တိကျသေချာစေသောမှတ်စုသီးသန့်
လေးဖြစ်စေချင်သည့်အတွက်ဖြစ်ပါတယ်....

မည်မျှပင်ကောင်းနေပါစေ မည်သို့ပင် အံဝင်ခွင်ကျဖြစ်နေပါစေ ... ကျွန်တော်များ မစမ်းသုံး မသုံးစွဲသေးဖူးပါလျှင် ဖော်ပြရေးသားထားမည်မဟုတ်ပါ....

နည်းပညာကိုဖန်တီးမျှဝေနေသော ဆြာသမားများ ညီအကိုမောင်နှမများ၏ စေတနာကို စော်ကားလိုသော သဘောမဟုတ်ပါ.. တိကျမှန်ကန်သေချာသော မိုဘိုင်းနည်းပညာမှတ်စုလေး အကောင်အထည်ဖော်လိုခြင်း
ကြောင့်သာဖြစ်သည့်အတွက် နားလည်ပေးမည်ထင်ပါသည်..

တစ်လက်စထဲ စမ်းသမ်းအသုံးချပြီးသော ညီအကို မောင်နှမ ဆရာသမားများ၏ နည်းပညာမျှဝေဖန်တီးမှု
လေးများကိုလဲ အသုံးချပြီး အဆင်ပြေပြီး အချက်အလက်များကို ဖော်ပြမည်ဖြစ်ပါကြောင့်ခွင့်ပန်ပါရစေခင်ဗျာ.

ကျေးဇူးအထူးတင်ရှိပါသည်
MMT - Mandalay Mobile Technology
Admin Team


0 comments:

Post a Comment

လာရောက်လေ့လာ လည်ပတ်ဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်
အပြု သဘောဆောင်သော မည်သည့် ဝေဖန်မှုမဆို လက်ခံပါသည်ခင်ဗျာ